နှစ်ပေါင်း (၂၉)နှစ်ကျော်နောက်ပိုင်းတွေမှာ အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။
Microsoft မှ Windows 1 ကို ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်လုပ်ခဲ့ပြီးတော့ ပထမဦးဆုံး graphical user interface ကတော့ 16 bit သာရှိခဲ့ပါတယ်။
Windows 1 ထွက်ရှိပြီး (၂)နှစ်အကြာမှာတော့ Windows 2 ကို ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။
Microsoft ရဲ့ ပထမဆုံး Hard Drive လိုအပ်တဲ့ Windows ကို ၁၉၉၀ ပြည့်နှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ Windows 3 မှာတော့ ပိုပြီးပြည့်စုံတဲ့ ကာလာပေါင်း ၂၅၆ မျိုးနဲ့ အသုံးပြုသူတွေကို ခေတ်မီသော၊ ပိုမို ကြည့်ကောင်းသော Interface မျိုး ပေးစွမ်းခဲ့ပါတယ်။
Windows 3.1 ကတော့ ၁၉၉၂ မှာ ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ ဒီ Windwos မှာတော့ Mouse တွဲဖက် အသုံးပြုပြီး ထိန်းချုပ်နိုင်ရန် စီစဉ်ပေးထားပြီး၊ 1 MB ရှိတဲ့ RAM ပါဝင်လာပါတယ်။ CD-ROM ပါဝင်လာတဲ့ ပထမဆုံး Windows ဖြစ်ပြီး 10MB မှ 15MB ရှိတဲ့ hard drive တွေကို ထည့်သွင်းပေးထားပါတယ်။
(a CD can typically store up to 700MB)
ပထမဆုံး Start button and Start menu ကိုထည့်သွင်းထားတဲ့ Windows 95 ကို ၁၉၉၅ ခုနှစ် သြဂုတ်လမှာ တင်ဆက်ပေးခဲ့ပြန်ပါတယ်။
၁၉၉၈ ခုနှစ်၊ ဇွန်လမှာတော့ Windows 98 ကိုထုတ်လုပ်ခဲ့ပြီးတော့-----
IE 4, Outlook Express, Windows Address Book, Microsoft Chat and NetShow Playerတွေ ထည့်သွင်းပေးခဲ့ပြီး, Windows Media Player ကိုလည်း Windows Media Player 6.2 နဲ့မြှင့်တင် အစားထိုးပေးခဲ့တဲ့ Windows 98 Second Edition ကို ၁၉၉၉ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြန်ပါတယ်။
IE 5.5, Windows Media Player 7 တို့ကိုထည့်သွင်းမိတ်ဆက်ပေးခဲ့တဲ့ Windows ME ကို ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ဖြန့်ပေးခဲ့ပါတယ်။
2000 ပြည့်နှစ် ဖေဖေါ်ဝါရီလမှာတော့ Windows ME ရဲ့ အမွှာလို့ တင်စားရမယ့် Windows 2000 ကို ထပ်မံမိတ်ဆက်ခဲ့ပြန်ပါတယ်။ hibernation ကဏ္ဍပါဝင်လာပါတယ်။
Windows versions တွေထဲမှာမှ အကောင်းဆုံးဗားရှင်း တစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ Windows XP ကို ၂၀၀၁ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဖေါ်ခဲ့ပါတယ်။ ဒီ Windows ကိုတော့ အခုခေတ်နဲ့ အနည်းငယ် လက်လှမ်းမီနေပါသေးတယ်။ ၂၀၁၄၊ ဧပြီလ တိုင်အောင် (၁၃)နှစ်ကျော်ကြာ ရပ်တည်ခဲ့တဲ့ Microsoft ရဲ့အရှည်ကြာဆုံး Windows တစ်ခုလည်းဖြစ်ခဲ့ပါတယ်။
Windows Vista ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှာ Performance အသစ်များ၊ Visual ကောင်းကောင်းနဲ့ ထပ်မံဖြန့်ချီခဲ့ပြန်ပါတယ်။
Windows 7
Windows 7 ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာ ဖြန့်ချီပေးခဲ့ပါတယ်။
Windows 8 ကို၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်လုပ်ခဲ့ပါတယ်။
2013 October မှာတော့ Windows 8.1 ကို ထပ်မံမိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
ယခုနောက်ဆုံးထွက်ရှိထားတဲ့ Windows 10 ကတော့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့မှာ စတင်ခဲ့တာပဲဖြစ်ပါတော့တယ်ဗျာ---
Refer:::The Guardian
0 comments:
Post a Comment