Microsoft က Windows 10 အတွက် Major Update တစ်ခုကို ၂၀၁၇ ခုနှစ်မှာ ဖြန့်ချီပေးမယ်လို့ ကြေညာပါတယ်။ Windows 10 Creator’s Update လို့ အမည်ပေးထားပါတယ်။ ပွဲမှာ ပြသချက်အရ ပြင်ပ ကမ္ဘာမှ အရာဝတ္ထုများကို Scan ပြုလုပ်ပြီး Paint မှာ အသုံးချနိုင်တဲ့ Paint 3D Version ကို Update မှာ တွေ့ရပါတယ်။
Creators’ Update ရဲ့ အခြား စွမ်းဆောင်ချက်အသစ်များကိုလည်း ကုမ္ပဏီက မိတ်ဆက်ခဲ့ပါသေးတယ်။ Capture 3D Tool ကလည်း ပြင်ပကမ္ဘာမှ အရာဝတ္ထုများကို 3D ဖြင့် Scan လုပ်ပြီး လွယ်ကူစွာ 3D Print ထုတ်နိုင်မှာပါ။ Xbox Games များကိုလည်း Update ကနေ ထုတ်လွှင့်နိုင်ပြီး သူငယ်ချင်းများအား ထုတ်လွှင့်မှုအကြောင်း Xbox Live ကနေ အသိပေးမှာပါ။ Windows Insider အဖွဲ့ဝင်များက Windows 10 Creators’s Update Beta Build ကို စမ်းသပ် အသုံးပြုနိုင်ပါပြီ။
credit>> Digital Life technology journal

0 comments:

Post a Comment

 
Top