အချို့ သူငယ်ချင်းတွေတော့ သိပြီးသားဖြစ်ကြမှာပါ ...
ကျွန်တော့်လို Beginner တွေအတွက် ဗဟုသုတအနေနဲ့ ကျွန်တော်သိသလောက်လေးကို ဒီပို့စ်လေး ရေးလိုက်တာဖြစ်ပါတယ်နော် ...
PIN Lock နဲ့ PUK Lock ဆိုပြီး SIM Lock ကျခြင်း (၂)မျိုးရှိပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖုန်းကဒ်အားလုံးမှာ မူလ PIN Code က 12345 ပုံမှန်နံပါတ်ပါ။ သိသူများလည်း ရှိမှာပါ။ မသိသေးလျှင်လည်း PIN Lock-12345 ကို မှတ်ထားလိုက်ပေါ့နော်။
တစ်ချို့ တစ်ချို့တွေဟာ SIM Card ကို ကဒ်ချိုးပြီးတာနဲ့ အမှုမဲ့၊ အမှတ်မဲ့ ထားတတ်ကြပါတယ်။ တစ်ချို့ဆိုရင် လွှင့်ပစ်လိုက်တတ်ကြပါတယ်၊ သိမ်းထားရမယ်မှန်း မသိကြပါဘူး။ တကယ်တော့ ကဒ်ချိုး ပြီးတာနဲ့ ချိုးပြီးတဲ့ အခွံကို သိမ်းထားသင့်ပါတယ်။ ဒါဟာ တကယ်ကို အရေးကြီးပါတယ်။ ဒီကဒ်အခွံမှာ PUK code တစ်ခါထဲ ပါပြီးသားပါ။
SIM Lock လည်းကျရော ဘာလုပ်ရမှန်းမသိဘဲ ဆိုင်ကိုပြေးရပါတော့တယ်။ ဆိုင်ကလည်း ကဒ်ချိုးထား တဲ့အခွံကဒ်လေးရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ မသိမ်းထားတဲ့သူများကတော့ ဘာမှန်း မသိတာနဲ့တင် ဆက်သွယ်ရေးရုံး(MPT ရုံး)ဆီကို ပြေးရပါတော့တယ်။
အခုထွက်တဲ့ ၁၅၀၀ တန် MEC Tel မှာတော့ PUK နံပါတ်ရော PIN နံပါတ်ကိုပါ ခဲခြစ်အဖြစ်ထည့်ပေး ထားပါတယ်။ သဘောကတော့ SIM Lock ကျရင် အဆင်ပြေနိုင်အောင်လို့ပါ။
SIM Lock ကျပြီဆိုရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီး ရိုက်မထည့်ပါနဲ့။ ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကို တိုက်ရိုက်သွားတာက ပိုကောင်းပါတယ်ဗျာ။ ကိုယ်တိုင် ကလိတာ ၀ါသနာပါတဲ့ အသုံးပြုသူတွေကတော့ အခုအောက်မှာ ရေးထားတဲ့အတိုင်း စမ်းကြည့်ကြလို့ရပါတယ်။
#အကြောင်းအမျိုးမျိုးကြောင့် SIM Card Lock ကျပြီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်။ Unlock ပြန် လုပ်ဖို့ ဖုန်းက PUK code တောင်းပါလိမ့်မယ်။ PUK code က အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ကဒ်ချိုးပြီးရင် ပြန်သိမ်းထားရမယ့် ကဒ်အခွံလေးမှာ ပါပြီးသားဖြစ်ပါတယ်။
Unlock ပြန်လုပ်ပုံကတော့ -
အဲ့ဒီ ချိုးပြီးကျန်တဲ့ ကဒ်မှာပါတဲ့ PUK Code (၈)လုံးကို ရိုက်ထည့်ပေးပြီး Ok နှိပ်ပါ။
PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်။ 12345 လို့သာရိုက်ပြီး Ok နှိပ်လိုက်ပါ။
နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါမယ်။ 12345 ကိုထပ်ရိုက်ထည့်ပေးပြီး Ok သာ နှိပ်ပေးလိုက်ပါ။
ဒါဆိုရင် SIM card Lock ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျာ ....
အခု အောက်မှာ ဆက်လက်ပြီး မိမိရဲ့ ဆင်းမ်ကဒ်ကို လော့ချထားချင်သူတွေအတွက် လော့ချထား နည်းလေးပြောပြပေးပါ့မယ်။ မလိုအပ်ရင် မလုပ်တာတော့ အကောင်းဆုံးပါဗျာ ...
ဘာလို့ SIM Card Lock ချထားသင့်သလဲဆိုရင် အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင် ချရခြင်းပဲ ဖြစ်ပါတယ်။ SIM Lock ချထားပါက မိမိ SIM Card ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်း နေမှာဖြစ်ပါတယ်။ ကုဒ်မသိရင် သုံးလို့မရပါဘူး။ SIM Card မှာ အကျိုးသက်ရောက်မှု ရှိနေတာဖြစ်တဲ့အတွက် ဘယ်ဖုန်းမှာထည့်သုံးသုံး သုံးမရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Code သိသူသာ အသုံးပြုနိုင်အောင်လို့ Lock ချရတာပါ။
PIN Code ကိုမလိုအပ်ရင် မပြင်သင့်ပါ၊ မကလိသင့်ပါ။ ပြင်ချင်သူ၊ Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ်။ အဲ့ဒီနံပါတ်ကို စ၀င်ချင်ပြီဆိုရင် ရိုက်ထည့်ပေးရမှာပါ။ အဲဒီကုဒ် မရိုက်ပဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက် ပိုရိုက်မိရင် Lock ကျသွားမှာဖြစ်ပါတယ်။ Auto Lock ချသွားတာဖြစ်ပါတယ်။ SIM Lock ပြောင်းချင်ရင် ပထမဆုံး 12345 ကိုရိုက်ပါ။ ကျန်တာ ရိုက်လို့မရပါဘူး။ ပြီးမှ ကိုယ်လိုချင်တဲ့ ကုဒ်ကိုပြောင်းရိုက်ပေးပါ။ အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ မမေ့သင့်ပါဘူး။ ဒါပေမယ့် မလိုအပ်ပဲ Lock မချတာ အကောင်းဆုံးဖြစ်ပါတယ်ဗျာ။...
0 comments:
Post a Comment