တကယ်တော့  Smart Phone တစ်လုံး မပိုင်ဆိုင်ထားရတာဟာ ကျွန်ုပ်တို့ကို    ရှက်စရာတစ်ခုသဖွယ် 
 ဖြစ်နေစေခဲ့  ပါတယ်။  ဘာကြောင့်လဲဆိုတော့  Smart Phone   ဖုန်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဘ၀တွေကို
လွယ်ကူစေပါတယ်။ ရိုးရှင်းစွာ ဆက်သွယ်နိုင်ပါတယ်။  အကွာအဝေးတွေနီးစေပါတယ်။  ဒါပေမယ့်လည်း
အမြဲတမ်း Smart Phone ဖုန်းကိုပဲ စွဲစွဲလန်းလန်း သုံးနေဖို့တော့ မသင့်ပါဘူး။ သင် Smart Phone ဖုန်း
ကို စွဲစွဲလန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ ရှိပါတယ်။


၁။ အချစ်ရေးကို အနှောင့်အယှက်ဖြစ်စေတယ်
    သင့်ချစ်သူ ရည်းစားကို ဘေးမှာထားပြီး Twitter သို့မဟုတ် Facebook တစ်ခုခုနဲ့ အလုပ်ရှုပ်နေတာ ဟာ အဆင်ပြေတဲ့ အချစ်ရေးတစ်ခုရဲ့ ပြယုဂ် တစ်ခုလုံးဝမဟုတ်ပါဘူး။ အဲ့ဒီတော့ သင်ဟာ Smart Phone ဖုန်းကို သုံးနေမယ့်အစား သူ့မျက်လုံးကို ကြည့်ပြီး စကားပြောနေခြင်းဟာ သူ့ရဲ့ Facebook Status တွေထဲမှာထက် ပိုပြီးသူ့စိတ်ကို မြင်အောင်ကြည့်နိုင်မှာပါ။





၂။ သင့်ရဲ့ကလေးတွေဟာလည်း Smart Phone ဖုန်းသုံးခြင်းမှာ ကျွမ်းကျင်လာနိုင်တယ်
   သင့်ရဲ့ အမူအကျင့်က သင့်ကလေးတွေအထိ ကူးစက်နေမှာပါ။ လောကကြီးအကြောင်း နားမလည် သေးတဲ့ ကလေးငယ်တွေကို Smart Phone ဖုန်းထဲမှာ အတွေ့အကြုံတွေရှာဖို့ အားပေး အားမြှောက်မလုပ်သင့်ပါဘူး။


၃။ ဖုန်းပြောရင်း လမ်းလျှောက်တာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်
   သင်ဟာ လမ်းဖြတ်ကူးတဲ့ အချိန်၊ ကားမောင်းနေတဲ့အချိန် ဈေးဝယ်ထွက်နေတဲ့ အချိန်တွေမှာ ဖုန်းပြောနေတဲ့အခါ သင့်အတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။ သင်ဟာအန္တရာယ်ကို တစ်ဖက်က ဂရုစိုက်နေပေမယ့် တစ်ဖက်မှာ လူမှုရေးကို ထိခိုက်စေပြန်ပါတယ်။ လူတိုင်းဟာ တန်းစီ နေရတာကို အာရုံနောက်တတ်တယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

၎။ ဥစ္စာပျောက် ငရဲရောက် ဖြစ်စေတတ်ပါတယ်
   သင့်ကို နှလုံးရောဂါဖြစ်စေနိုင်တဲ့ အသေးစား အဖြစ်အပျက်တစ်ခုဟာ ဖုန်းပျောက်ခြင်းဖြစ်နေမှာပါ။ သင့်ဖုန်းကို သင့်အိတ်ကပ်ထဲမှာ ရှာတယ်။ လွယ်အိတ်ထဲမှာရှာတယ်။ မတွေ့တဲ့အခါ သင်ကြောက်လန့် လာမှာဖြစ်တယ်။ အေးဆေးပေါ့။ ပျောက်သွားတာ Smart Phone ဖုန်းတစ်လုံးပါ။ ဒေါ်လာထောင်ပေါင်း များစွာ မဟုတ်ပါဘူး။

၅။ အမြဲတမ်း Selfie ရိုက်ဖြစ်နေတတ်ပါတယ်
   သင်ဟာ တေးဂီတဖျော်ဖြေပွဲတစ်ခုကို ရောက်နေမယ်၊ စားသောက်ဆိုင် အကောင်းစား တစ်ခုမှာ ရောက်နေမယ် ဆိုရင် သင့်ရဲ့ ချက်ချင်းလုပ်ဆောင်မယ့်တုန့်ပြန်မှုက Selfie ထုတ်ရိုက် တာပဲ ဖြစ်မှာပါ။ ဒါတွေကို လူမှုကွန်ရက်မှာ ကိုယ်ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာ လူ သိအောင် Post လုပ်ခြင်းဟာ ဘ၀ရဲ့ အမှတ်တရတွေကို မှတ်သားထားရာ ရောက်ပေမယ့် ကိုယ့်ချစ်သူ မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ Selfie ရိုက်ခြင်းမျိုးတွေက အချစ်ရေးမှာ သင့်ကို အာရုံနောက်စေမှာပါ။

Credit >> ၀င်းကမ္ဘာကျော်

0 comments:

Post a Comment

 
Top