Facebook က ဈေးဝယ်ရန်အတွက် သီးခြား ကဏ္ဍတစ်ခုကို ထည့်သွင်းစမ်းသပ်နေပါသည်။ News Feed တွင် တွေ့မြင်ရသော အွန်လိုင်းအရောင်းဆိုင်များမှ ကြော်ညာများကဲ့သို့မဟုတ်ဘဲ Groups , Photos ကဲ့သို့ သီးခြား Tab တစ်ခုကို ထည့်သွင်းထားပါသည်။ Facebook က သူ၏ လူမှုကွန်ရက်ကို Online Shopping အတွက် ပလက်ဖောင်းတစ်ခုအဖြစ် ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။
Facebook က အသုံးပြုသူများ၏ စိတ်ဝင်စားမှုများကို စောင့်ကြည့်လေ့လာထားပြီး သင့်တော်သည့် လူကို သင့်တော်သည့် ကုန်ပစ္စည်းများကို ပြသမည် ဖြစ်သည်။ ယခုအချိန်တွင် အရောင်းဆိုင် အနည်းငယ်နှင့် အသုံးပြုသူ အနည်းငယ်ကိုသာ အဆိုပါ အစီအစဉ်တွင် ပါဝင်ခွင့်ပေး၍ စမ်းသပ်နေပါသည်။
Facebook က သူ၏ လူမှုကွန်ရက်တွင် ဈေးဝယ်ရန် အတွက် နည်းလမ်းများစွာကို စမ်းသပ်နေပါသည်။ ယခင်ကလည်း နည်းလမ်းများစွာကို စမ်းသပ်ခဲ့ပြီး ယခုစမ်းသပ်မှုကိုလည်း အကောင်အထည်ပေါ်လာမည်ဟု အတည်ပြုခြင်း မရှိသေးပါ။

Credit>> Digital Life Journal

0 comments:

Post a Comment

 
Top