Facebook က “ Self Destructing Message “ ဟု ခေါ်သော အလိုအလျှောက် ပျောက်ပျက်သွားမည့် Message စွမ်းဆောင်ချက်ကို ဖြန့်ချီပေးလိုက်ပါသည်။ အဆိုပါ စွမ်းဆောင်ချက်သည် Message ပေးပို့ အပြီး တစ်နာရီကျော်သွားသည်နှင့် အလိုအလျှောက် ပျောက်ပျက်သွားမည် ဖြစ်သည်။
အဆိုပါ စွမ်းဆောင်ချက်ကို iOS , Android တွင် အသုံးပြုနိုင်ပြီဖြစ်သော်လည်း လက်ရှိတွင် ပြင်သစ် နိုင်ငံတွင်သာ အသုံးပြုနိုင်ပါသေးသည်။ အခြား နိုင်ငံများတွင် မည်သည့်အချိန်တွင် ဖြန့်ချီပေးမည်ကို မသိရသေးပါ။
အဆိုပါ စွမ်းဆောင်ချက်သည် ပြိုင်ဖက် Snapchat ကို တုပ ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။ The Wall Street Journal ၏ သတင်းအရ Facebook သည် ၂၀၁၃ တွင် Snapchat ကို ဒေါ်လာ ၃ ဘီလီယမ်ဖြင့် ၀ယ်ယူရန် ကမ်းလှမ်းခဲ့ဖူးပြီး Snapchat က ငြင်းပယ်ခဲ့ပါသည်။
Facebook Messenger တွင် အလိုအလျှောက် ပျက်ဆီးသွားသော Message များကို ပေးပို့ရန် အပေါ်ထိပ်မှ Hourglass Icon ကို နှိပ်ရမည် ဖြစ်သည်။ အလိုအလျှောက် ပျက်ဆီးသွားသော Message များသည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်သော အကြောင်းအရာများကို ပေးပို့ရာတွင် လက်ခံရရှိသူထံတွင် ကော်ပီ ကျန်ရှိနေခြင်း မရှိသည့်အတွက် လုံခြုံစေမည် ဖြစ်သည်။ ထို့အပြင် အစိုးရ အဖွဲ့များက အသုံးပြုသူများ၏ ဒေတာများကို Facebook ထံမှ တောင်းခံရာတွင်လည်း Self-Destructing Message ကို တွေ့မြင်ရမည် မဟုတ်ပါ။

0 comments:

Post a Comment

 
Top