ရပ်! ဘယ်သူလဲ?
-အချစ်ပါ ခင်ဗျ။
ဘယ်ကလာသလဲ?
-ရင်ခွင်တိုင်းပြည်ကပါ။
မှတ်ပုံတင်ပါသလား?
-နှလုံးသား နုနုရဲ့ ထောက်ခံချက်ပါပါတယ်။
စာအမှတ်ပြောစမ်း၊
-၁၅၀၀ ပါဗျာ။
ဘယ်သူလွှတ်လိုက်တာလဲ?
-ဖူးစာရေးနတ်။
ဘာအတွက်လာတာလဲ?
-ရင်ဘတ်ထဲက မြှားဒဏ်ရာ ကုသဖို့။
ဘယ်သူပစ်တဲ့မြှားလဲ?
-မြှားနတ်မောင်။
ဘာအကြောင်းကြောင့်ပစ်ခံရတာလဲ?
-ဧဒင်ဥယျဉ်က ပန်းသီးခူးစားမိလို့တဲ့ဗျာ။
ဘယ်လိုခံစားမိသလဲ?
-ပျော်ရွှင်မိပါတယ်။
သြော် ..... ဒါဆိုလည်း ၀င်ခဲ့လေကွယ် ။  
                                            Original writter(2009)

0 comments:

Post a Comment

 
Top