မှန်တယ်ထင်လို့ လုပ်နေမိတဲ့အမှား
အမှန်ကိုပြုပြင်ရင်း မှားသွားမိတဲ့အမှား
မှားမှန်းမသိလို့ စနစ်တကျလုပ်နေမိတဲ့အမှား
မှားမှန်းသိရဲ့နဲ့ ဆက်လုပ်နေမိတဲ့အမှား
အမှန်ကိုရှာဖွေရင်း
အမှားတွေ တနင့်တပိုးကြီးထွေးပိုက်လို့
မျှော်လင့်ချက်များစွာနှင့်
အမှားများစွာကို နေ့တိုင်း ကျူးလွန်နေသူကား
``လူ´´ ...။     ။

                                 တူးဂျာ (ဒဿနိက)

0 comments:

Post a Comment

 
Top