နာမည်ကျော်များ၊ နိုင်ငံရေးသမားများနှင့် ကုမ္ပဏီများအနေဖြင့်
ယနေ့ခေတ်တွင် လူမှုကွန်ရက်များနှင့် ဘလော့များကို ကြားခံ မီဒီယာအဖြစ်
အသုံးပြုမှုများပြားလာပါသည်။ ထို့အတွက် Facebook က ၂၀၀၆ ခုနှစ်ကတည်းက ဖြန့်ချီပေးခဲ့ပြီး စိတ်ကူးအတွေးများကို ချပြနိုင်သည့် Notes
စွမ်းဆောင်ချက်ကို မွမ်းမံနေပါသည်။
Facebook က လူအနည်းငယ်ဖြင့် အဆိုပါ စွမ်းဆောင်ချက်ကို
စမ်းသပ်လျှက်ရှိပြီး Yahoo ၏ Tumblr နှင့် Medium တို့ကို ယှဉ်ပြိုင်ရန်
ရည်ရွယ်နေပါသည်။ Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က Facebook တွင်
ရှည်လျားသော စာသားများကို ဖန်တီးနိုင်ဖို့ လွယ်ကူစေရန် Notes ကို
အဆင့်မြှင့်နေသည်ဟု ပြောပါသည်။
ယခင်ကမူ Facebook ၏ Notes သည် အခြား ၀န်ဆောင်မှုများကဲ့သို့
ပုံပန်းသွင်ပြင်အရ စွဲဆောင်မှုမရှိသဖြင့် အသုံးပြုသူနည်းပါးပြီး ကုမ္ပဏီကလည်း
အဆိုပါ စွမ်းဆောင်ချက်ကို လျစ်လျူရှုထားသည်မှာ ကြာပြီ ဖြစ်သည်။ ထို့အတွက်
Facebook က Notes ကို စွဲဆောင်မှုရှိစေရန် ပြင်ဆင်ပြီး
စွမ်းဆောင်ချက်များစွာ ထည့်သွင်းရန် ကြိုးစားနေကြောင်း သိရှိရပါသည်။
(Digital life journal)
0 comments:
Post a Comment