Microsoft ၏ Operating Systems ဌာနမှ အရာရှိဖြစ်သူ Terry Myerson က Windows 10 ကို ဇူလိုင် (၂၉)ရက်နေ့တွင် ဖြန့်ချီမည်ဟု ဘလော့ ပို့စ် တစ်ခုတွင်ရေးသားထားပါသည်။
စတင်ဖြန့်ချီသည့်နေ့တွင် နိုင်ငံပေါင်း ၁၉၀ အတွက် Windows 10 ထည့်သွင်းထားသော PC အသစ်များကို ၀ယ်ယူနိုင်မည်ဖြစ်သကဲ့သို့ Windows 7 နှင့် Windows 8.1 ကို ၀ယ်ယူထည့်သွင်းထားသူများအနေဖြင့် ပထမနှစ်အတွင်းတွင် Windows 10 ကို အခမဲ့ အဆင့်မြှင့်တင်နိုင် မည်ဖြစ်သည်။ Microsoft က Windows 10 Home ကို ဒေါ်လာ ၁၁၉ နှင့် Pro ကို ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ Windows 10 Home ကို ၀ယ်ယူပြီးသူများအနေဖြင့်လည်း နောက်ပိုင်းမှ Pro ကိုအဆင့်မြှင့်တင်နိုင်ပြီး ဒေါ်လာ ၉၉ ကုန်ကျမည် ဖြစ်သည်။


Microsoft Windows 10 သည် နောက်ဆုံး ၀င်းဒိုးဗားရှင်းဖြစ်လာမည်ဖြစ်သည်ဟု ကြေငြာထားပါသည်။ Microsoft က ၀င်းဒိုးကို Service အနေဖြင့် အသွင်ပြောင်းမည်ဖြစ်ပြီး အဆင့်မြှင့်တင်မှုများကို Online မှ ပြုလုပ်ပေးမည်ဖြစ်သည်။

Windows 10 တွင် Microsoft Edge Web Browser အသစ်၊ Digital ကိုယ်ရေးလက်ထောက် Cortana တို့ပါရှိလာမည်ဖြစ်သည်။

#Myanmar Digital Life Journal...
Next
Newer Post
Previous
This is the last post.

0 comments:

Post a Comment

 
Top