2015 Google I/O ပွဲရဲ့ အဓိကကြေညာချက်မှာ Android ကို အကောင်းဆုံးချိန်ညှိခြင်း optimizing အပေါ် အာရုံစိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အဲဒါကအတော်လေးကြီးတဲ့ ပရောဂျက် ဖြစ်ပါတယ်။ Update အများစုက ပွတ်တိုက်မှုတွေလျှော့ချခြင်းပါဝင် တယ်။ App တွေနဲ့ Web အကြားရွှေ့ပြောင်းမှုကို ပိုပြီးချောမွေ့အောင် လုပ်ပေးဖို့ ဒီဇိုင်းပြုထားတဲ့ Android Update တွေရှိတယ်။ နာရီဒိုင် ခွက်ကို တစ်ချက်စောင်းငဲ့ကြည့်ရုံနဲ့ သတင်းအချက်ပိုပြီး လွယ်လွယ် ပြပေးနိုင်ဖို့ ဒီဇိုင်းပြုထားတဲ့ Android Wear Update ရှိတယ်။ ပြီးတော့ ဓာတ်ပုံတွေကို စုရုံးဖွဲ့စည်းပေးပြီး အခမဲ့ backup လုပ်ပေးတဲ့ photo app အသစ်ရှိတယ်။ ရှိပြီးသား app တွေအတွက်လည်း စိတ်ဝင်စားစရာ အလားအလာရှိတဲ့ feature အသစ်တွေပါဝင်လာတယ်။ Google Now ဟာ အခု သင်ဖုန်းအပေါ် ဘယ်နေရာမှာရှိနေနေ သင်လိုချင်တာတွေကို စတင်မျှော်မှန်းတွက် ဆမှာဖြစ်ပါတယ်။ ဆက်သွယ်မှုညံ့ဖျင်းတဲ့နေရာရောက်တဲ့ အခါ Chrome နဲ့ Map တွေက Offline အခြေအနေမှာ လမ်းညွှန်ခြင်းအပါအ၀င်ပိုပြီး စွမ်းဆောင်လာနိုင်မယ်။ Hardware အပိုင်းမှာတော့Google Cardboard အသစ်ရှိမယ်။ ပြီးတော့ GoPro က ရောင်းချမယ့် VR camera system တစ်ခုလည်းရှိပါတယ်။

Android M

Android M က သူ့ရှေ့က Lollipop နဲ့ အများကြီး တူပါတယ်။ ပါဝါစားသုံးမှုအကောင်းဆုံးချိန်ညှိခြင်း၊ ၀န် ဆောင်မှုအသစ်တွေနဲ့ app တွေနဲ့ တုံ့ပြန်ဆက်သွယ်တဲ့ နေရာမှာ အပြောင်းအလဲတွေနဲ့အတူ Android ကို ပြန် လည်ပြင်ဆင်ဖွဲ့စည်းထားတာနဲ့ ပိုပြီးတူပါတယ်။ Developer တွေက တော့ preview အနေနဲ့ စမ်းသပ်ခွင့်ရနေပါပြီ။

App Permission

အစဉ်အလာအားဖြင့် app အသစ်တစ်ခု install လုပ်တဲ့အခါတိုင်း Android ဟာ permission request တသီကြီးတောင်းခံတယ်။ ဒါတွေအားလုံးက Anroid M နဲ့အတူပြောင်းလဲသွားစရာရှိပါတယ်။ Update Categories ပိုနည်းသွားပြီး installation လုပ်တဲ့အခါ သူတို့ကို ကြည့်ရှုဖို့ မေးမြန်းခြင်းခံရတော့မှာမဟုတ်ပါဘူး။ အဲဒီအစား developer တွေက ခေါ်ယူသုံးစွဲတဲ့အခါ permission တစ်ခုချင်းစီ ကို အတည်ပြုပေးဖို့ Google က မေးမြန်းမယ်။ App က ရယူသုံးစွဲ နေတဲ့အရာအားလုံးကို ကြည့်ရှုနိုင်တယ်။ ဒါမှမဟုတ်ရင် ဘယ်ဥစ္စာ တွေကို ယူသုံးနေသလဲဆိုတာ ကြည့်နိုင်ပါတယ်။

App အားလုံးထဲက Chrome

အခုလောလောဆယ်မှာ App တစ်ခုအတွင်း web link တစ်ခုကို ကလစ်နှိပ်တဲ့အခါ browser ကို ခေါ်တင်ဖို့လိုရင်လိုမယ်။ ဖြတ်ချထားတဲ့ web view မြင်ကွင်းနဲ့ သုံးရင်သုံးရမယ်။Google က ဃ့မသာန Chrome Custom Tab လို့ခေါ်တဲ့အရာကို ကြေညာခဲ့တယ်။ အဲဒါက in-app browser နဲ့တူပြီး passwords နဲ့ autofill တွေအပါအ၀င် အချို့သောအပိုင်းတွေကို ကြိုတင်ခေါ်တင်ခြင်းအားဖြင့် စာမျက်နှာတွေ loading လုပ်တာကို ပိုပြီးမြန်အောင်လုပ်ပေးမယ်လို ယူဆရတယ်။ App တွေက အခြား app တွေနဲ့ link ချိတ်ရတာပိုလွယ်အောင် လုပ်ပေးမယ်လို့လည်း Google က ကြေညာခဲ့တယ်။ ဥပမာ tweet လုပ်ဖို့ link တစ်ခုကို ကလစ်နှိပ်လိုက်ရင် Twitter app ကို အလို အလျောက်ခေါ်တင်ပေးတာမျိုး ဖြစ်ပါတယ်။

ပိုကောင်းတဲ့ ဘက်ထရီသက်တမ်းနဲ့ USB-C

ဘက်ထရီသက်တမ်းကို ချွေတာဖို့ Google ကDoze လို့ခေါ်တဲ့ Feature အသစ်ကို မိတ်ဆက်ပေးခဲ့တယ်။ Android M က ပိုပြီးရှည် ကြာတဲ့ ကာလတာအတွင်း သက်ဝင်လှုပ်ရှားမှုမရှိရင် ပိုပြီးနက်ရှိုင်းစွာနဲ့ sleep လုပ်ဖို့ motion detection ကိုသုံးပါတယ်။ Google က app သက်ဝင်မှု freshness ကိုဘက်ထရီသက်တမ်းနဲ့ လဲလိုက်တာလို့ ဆိုပါတယ်။ Dozing ဖြစ်နေတုန်းမှာ ကိရိယာက ဦးစားပေးအဆင့် မြင့်တဲ့ messages တွေတုံ့ပြန်ပြီး alarm ကိုလည်း သုံးနေနိုင်ဦးမယ်။ Lollipop နဲ့ run တဲ့ Nexus 9 နဲ့ နှိုင်းယှဉ်စစ်ဆေးကြည့်တဲ့အခါ M Nexus က standby အချိန်နှစ်ဆပိုပြီး ရှည်ကြာပါတယ်။ USB Type –C ကိုလည်း Android အပေါ် အထောက်အပံ့ပေးပါလိမ့်မယ်။

Google Now on Tap

Google Now က ပိုပြီး စမတ်ကျလာပါတယ်။ Now on Tap လို့ခေါ်တဲ့ ပရိုဂရမ်နဲ့အတူ ဖုန်းရဲ့အပိုင်းကဏ္ဍအားလုံးမှာ ပေါင်းစပ် ထည့်သွင်းထားတယ်။ Now on Tap နဲ့ဆိုရင် App ထဲမှာပဲဖြစ်ဖြစ်၊ email ထဲမှာပဲဖြစ်ဖြစ်၊ web browser ထဲမှာပဲဖြစ်ဖြစ် home button ကို နှိပ်ထားရင် Now card ကို သက်ဆိုင်ရာ သတင်းအချက်နဲ့ ခေါ်တင်ပေးတယ်။ ဥပမာအားဖြင့် တစ်ယောက်ယောက်က ရုပ်ရှင် သွားတဲ့အကြောင်း email တစ်စောင်ပို့ရင် Now YouTube trailer, ratings နဲ့ အခြားသတင်းအချက်တွေပါတဲ့ Link တွေပြပေးတယ်။ Laundry နဲ့ dinner အကြောင်း message ပို့ရင် to-do-item ပြပေးမယ်။ စားသောက်ဆိုင်စာရင်းကို Yelp, Map နဲ့ Open Table တို့အတွက် ခလုတ်တွေနဲ့အတူပြပေးမယ်။ ဒါက Now ကို ကြီးမားတဲ့ချဲ့ထွင်မှုဖြစ်ပြီး Google က အဆက်အစပ်နဲ့နားလည်မှုကို တိုးမြှင့်ဖို့ အလေးပေးထားပါတယ်။

အခမဲ့အွန်လိုင်း သိုလှောင်မှုနဲ့အတူ Google Photo App အသစ်

Google မှာ Android ဖုန်းအတွက် photo tool တစ်ခုရှိနှင့်ထားပြီးသားပါ။ ဒါပေမယ့် Google Photo ကတော့ အကန့်အသတ် မရှိတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို အခမဲ့ back up လုပ်ပေးမယ့် တိုးချဲ့ပြင် ဆင်ထားတဲ့ app တစ်ခုဖြစ်ပါတယ်။ (16MP အထိရှိတဲ့ ဓာတ်ပုံ နဲ့ 1080p အထိရှိတဲ့ ဗီဒီယို) သူတို့ကို timeline အတိုင်းဖွဲ့စည်းထားပြီး “beaches”, “boats” စသည်ဖြင့် တည်နေရာအလိုက်အုပ်စုဖွဲ့ပေးတယ်။ အတော်လေးအဆင့်မြင့်တဲ့ auto-tagging ကို သုံးထားပါတယ်။ ပြီးတော့ ဓာတ်ပုံတွေဝေမျှဖို့၊ ရောစပ်ဖို့၊ သူတို့ဆီကနေ ရုပ်ရှင်တွေလုပ်ဖို့ interface tool အသစ်တွေလည်း ထည့်ထားပါတယ်။ ဟုတ်ပါတယ်။ ဒါကအချို့သောအလားတူ iOS tool တွေနဲ့ ပြိုင်ဆိုင်နေတယ်။ ဒါပေမယ့် ကောင်းကောင်းကြီးယှဉ်နိုင်ပြီး အခုကစ လို့ Android, iOS နဲ့ Web တွေအပေါ်ရနေနိုင်ပြီဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် Offline Map နဲ့ Chrome

Google ဟာ သူ့ရဲ့ထုတ်ကုန်တွေကို ဆက်သွယ်မှုညံ့ဖျင်းတဲ့ ကမ္ဘာရဲ့အစိတ်အပိုင်းတွေမှာ ပိုပြီးကောင်းကောင်းလုပ်ဆောင်ဖို့ ဒီဇိုင်း ဆင်ထားတဲ့ update အတော်များများကိုလည်း ကြေညာခဲ့ပါတယ်။ချောမွေ့အောင်လုပ်ထားတဲ့ search results page ဟာ ဆက်သွယ်မှု ပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့ နေရာတွေမှာ ပိုပြီး မြန်မြန်တက် လာပါလိမ့်မယ်။ ပြီးတော့ပိုနည်းတဲ့ ပုံတွေပဲခေါ် တင်ဖို့ pages ကိုပြင်ဆင်ချိန်ညှိထားမယ်။ Google ဟာ အချို့နိုင်ငံတွေမှာ YouTube ဗီဒီယိုတွေကို သ်ူငညန သိမ်းဆည်းခွင့် ခွင့်ပြုထားပြီးပါပြီ။ ဒါပေမယ့်အခု Chrome က pages တွေကို offline သုံးဖို့လည်း save လုပ်ထားနိုင်ပါပြီ။ Google Maps ကလည်း feature အတော်များများကို offline သုံးနိုင်စွမ်းရှိပါလိမ့်မယ်။ စင်ပေါ်မှာ သရုပ်ပြခဲ့တဲ့အခါ autocomplete searches တွေလုပ်နိုင်ပြီး review နဲ့ information တွေပြကာ offline မှာ တလှည့်ချင်း လမ်းညွှန်မှုပေးပါတယ်။

နေရာတကာမှာ Android

Android က ဖုန်းဆိုတာထက်ပိုလာတယ်။ အဲဒါကသင့်လက်ကာက်ဝတ်အပေါ် ရောက်လာမယ်။ အိမ်ထဲရောက်လာမယ်။ ပိုက်ဆံ အိတ်အထဲတောင် ရောက်လာစရာရှိပါတယ်။

Android Wear

Google က သူ့ရဲ့ Android Wear smartwatch OS မှာ စွမ်းအားကြီးတဲ့ App အသစ်အချို့ပေါင်းထည့်ပေးထားတယ်။ Uber ကားတွေခေါ်ယူဖို့ လွယ်ကူတဲ့ရွေးစရာ အပါအ၀င်ဖြစ်ပါတယ်။ Android Wear က screen အမြဲတမ်းပွင့်နေတယ်။ အခု App တွေကလည်း အမြဲတမ်းပွင့်နေပါလိမ့်မယ်။ ပါဝါစားသုံးမှုနည်းတဲ့ black-and-white mode မှာ သတင်းအချက်အလက်တွေပြ ပေးနေမယ်။ ဥပမာ Google Maps နဲ့ လမ်းရှာသွားလာနေတဲ့အခါ လမ်းညွှန်ချက်တွေက screen အပေါ်ရှိနေသေးပြီး သွားလာရင်း စောင်းငဲ့ကြည့်နိုင်တယ်။ App တွေ လျင်မြန်စွာခေါ်တင်ပေးနိုင်ဖို့ ဒီဇိုင်းပြုထားတဲ့ app launcher အသစ်လည်းပါရှိတယ်။ အခြားအသေးစား update အစုအဝေးလည်း ရှိပါသေးတယ်။ ပုံရေးဆွဲမှုတွေကို မှတ်မိပြီး emoji အဖြစ်ပြောင်းပေးနိုင်စွမ်း အပါအ၀င်ဖြစ်ပါတယ်။

Google က သင့်ရဲ့ Smart Home ကို စီမံပေးချင်တယ်

Project Brillo က Android ရဲ့ အနိမ့်ပိုင်းအလွှာတွေအပေါ် ကနေ တည်ဆောက်ထားတဲ့ operating system ဖြစ်ပါတယ်။ Weave ကတော့ စမတ်ကိရိယာတွေတစ်ခုနဲ့တစ်ခု စကားပြောခွင့်ပြု တဲ့ ဆက်သွယ်ရေးစနစ်ဖြစ်ပါတယ်။ Google က သင့်အနေနဲ့ အဲဒီ ဥစ္စာနှစ်ခုစလုံးကို တံခါးသော့၊ မီးသီးနဲ့ အပူချိန်ထိန်းကိရိယာတွေမှာ တပ်ဆင်ဖို့ မျှော်လင့်ထားတယ်။ WiFi နဲ့ Bluetooth အတွက် built-in အထောက်အပံ့ပါပြီွးGoogle ဆီမှာ Wave အတွက် certification platform ရှိပါလိမ့်မယ်။ ကုမ္ပဏီတွေက ဒါကို Brillo ပါသည် ဖြစ်စေ မပါသည်ဖြစ်စေသုံးနိုင်မယ်။လူများစွာက home automation အတွက် standard ဖန်တီး ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ Google က ၂၀၁၁ မှာ Android@Home ကို ကြေညာခဲ့တယ်။ ဒါပေမယ့် ဒီနှစ်အကုန်မှာ Google က အဲဒီ ကြိုးဝိုင်းထဲ တရားဝင်ပြန်လည်ဝင်ရောက်မှာဖြစ်ပါတယ်။

Android Pay က ပိုပြီးနီးလာပြီ


Android Pay အတွက် Google ရဲ့ တုံ့ပြန်ချက်ဖြစ်ပြီး တော်တော်လေးကို အရာမထင်ခဲ့တဲ့ Google Wallet အတွက် ဒုတိယအ ခွင့်အလမ်းလည်းဖြစ်တဲ့ Android Pay အကြောင်း အသေးစိတ်အ ချက်အချို့ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Android Pay ဟာ ရုပ်အ ကောင်အထည်ရှိတဲ့ ကုန်စည်တွေကို in-app ထဲဖြစ်ဖြစ်၊ NFC sensor အပေါ် tap ခေါက်ခြင်းနဲ့ပဲဖြစ်ဖြစ် ငွေပေးချေဝယ်ယူမှုခွင့်ပြု တယ်။ Android Pay ဟာ KitKat ပိုပြီးမြင့်မားတဲ့ version တွေနဲ့ အလုပ်လုပ်မယ်။ AT & T, Verizon နဲ့ T-Mobile က ဖုန်းတွေမှာ ကြိုတင် install လုပ်ထားပြီးဖြစ်မယ်လို့ ယူဆရတယ်။ အမေရိကန် စတိုးဆိုင်ပေါင်း ၇၀၀,၀၀၀ က ဒါကိုလက်ခံမယ်လို့ Google က ကတိပြုထားတယ်။ ကိုယ့်ရဲ့ဖုန်းမှာလက်ဗွေရာဖတ် sensor ပါရင် ငွေပေးချေမှုကို အတည်ပြုပေးဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

#Digital Life Journal...

0 comments:

Post a Comment

 
Top