ဒီနေ့ ကျွန်တော်မိတ်ဆက်ပေးချင်တဲ့ application လေးကတော့ ပေါ့ပါးသွက်လက်တဲ့ version အဖြစ်နဲ့ 2017 ခုနှစ် ဒီဇင်ဘာလလည်လောက်က ထွက်ရှိလာတဲ့ Zapya MiniShare လေးပါ။
Zapya အနီရောင်ကို Mobile user တိုင်း ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗွီဒီယိုတွေ၊ app လေးတွေ ကဲ့သို့သော အမျိုးမျိုးသော ဖိုင်ပေါင်းများစွာကို ပေးယူဝေမျှရန် အသုံးပြုတဲ့ Zapya ပါ။ mobile user တိုင်းရဲ့ အသည်းစွဲ အလွန်အသုံးဝင်တဲ့ မရှိမဖြစ် app တစ်ခုပါ။
အလွန်အသုံးဝင်သလို နောက်ထပ် error အနည်းငယ်ရှိလာတာကတော့ ...
Message များအလွန်ပေးပို့လာခြင်း
ကြော်ငြာများ အလွန်များခြင်း
မိမိမကြည့်ချင်သော်လည်း သူ၏စပွန်စာ ဗွီဒီယိုများအား ရောက်ရှိပြသပေးခြင်း
စက်များလေးလံလာစေခြင်း
Wifi များအလိုအလျောက် ပွင့်နေစေခြင်း
Create group လုပ်မှသာsharing လုပ်၍ရပြီး search လုပ်လျှင် ချိတ်ဆက်မရခြင်း
ဒီလို အမျိုးမျိုး error လေးတွေကြောင့် စိတ်ရှုပ်ကြရပါတယ်။
အခု minishare လေးကတော့ ဒီ ပြဿနာတွေအားလုံးနီးပါး မပါဝင်တာကိုတွေ့ရပါတယ်။ အသုံးပြုရလွယ်ကူပေါ့ပါးပြီး app လေးရဲ့ ဖိုင်ဆိုဒ်လေးကလည်း 2MB နီးပါးသာ ရှိတာမို့ အလွန်သင့်တော်သော zapya အစားထိုး app လေးပါဗျ။
ကြိုက်တဲ့ zapyaအနီရောင်နဲ့ချိတ် (အနီမကလို့ အမဲရောင် zapya ပဲဖြစ်ဖြစ်) ချိတ်ဆက်လို့ရပါတယ်ဗျာ။ မိမိနဲ့ sharing လုပ်မယ့်သူဆီမှာ ဒီလို minishare လေးမရှိလည်း ယခင်ကတည်းက အသုံးပြုလာခဲ့သော zapya အနီရောင်ရှိတယ်ဆိုရင်ကို ချိတ်ဆက် share လုပ်နိုင်ပါတယ်ဗျာ။ အရှင်းဆုံးပြောရရင် မိမိရဲ့ minishare နဲ့ သူ့ရဲ့ zapya အနီနဲ့ ချိတ်ဆက် ကူးယူပေးကမ်းနိုင်တယ်လို့ ဆိုလိုတာပါဗျ။ ဘယ်သူနဲ့ ကူးယူကူးယူ အဆင်ပြေတဲ့ ZapyaMiniShare လေးကို အောက်မှာသာ download ချသွားပေတော့ဗျို့ ....
ဒီလင့်ကတော့ pCloud လင့်ပါ။
DOWNLOAD.here
ဒီလင့်ကတော့ Media Fire လင့်ပါ။
DOWNLOAD.here
မိမိအဆင်ပြေရာက ယူသွားနိုင်ပါတယ်ဗျာ။ အဆင်ပြေကြပါစေ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment