😆😆😆
ဒီတစ်ခါမှာတော့ အခုတလော တော်တော် လူပြောများ ခေတ်စားနေတဲ့ Zawgyi နဲ့ Unicode ဖောင့်တွေနဲ့ပတ်သက်လို့ Mobile user တွေကို အဆင်ပြေမှုပေးစွမ်းနိုင်မယ့် converter လေး တစ်ခုအကြောင်းပါ။ အခုအချိန်မှာ Uni သုံးသူတွေနဲ့ zawgyi သုံးသူတွေနဲ့ ကွဲပြားလျက်ရှိနေတုန်းဖြစ်ပါတယ်။ Uni ကိုကြိုက်လို့ ဆိုတာထက် တာဝန်သိသိ အသုံးပြုနေသူတွေလည်း ရှိသလို zawgyi နဲ့မှ ဘာဆော့ဝဲမှာသုံးသုံး အဆင်ပြေတာ ဆိုပြီး zawgyi ကိုမှနှစ်သက်သူတွေ လည်းအများကြီးပါဗျ။ အဲ့ဒီလို ဖြစ်လာတဲ့အချိန်မှာ ဘယ်သူက ဘာfontသုံးပြီး ရေးထားနေပါစေ အဆင်ပြေစွာ ဖတ်ရှုရေးသားနိုင်ဖို့ fontပြောင်းတဲ့ Converter လေးတွေမရှိမဖြစ် လိုအပ်လာပါတယ်။
ကဲ စာဖတ်သူရေ .... ခင်ဗျား ဖုန်းထဲမှာ စာကြောင်းတွေကို copy, paste လုပ်တတ်တယ် ဆိုရုံနဲ့ အခု converter ဆော့ဖ်ဝဲလေးကို သုံးလို့ ရမှာဖြစ်ပါတယ်ဗျာ။ အခု တင်ဆက်ပေးလိုက်တဲ့ Nyaung U Converter ဆိုတဲ့ Uni/Zaw <=> Zaw/Uni font ပြောင်းတဲ့ Converter လေးကတော့ အခြား font converter software တွေထက် သုံးရတာ ပိုမို အဆင်ပြေ လွယ်ကူစေမှာ သေချာပါတယ်ဗျာ။
ဘာကြောင့်လည်းဆိုတော့ ဒီကောင်လေးဟာ Facebook Messenger ဆော့ဖ်ဝဲလို လူသုံးများတဲ့ Chathead ပုံစံ floatting လေးနဲ့ အသုံးပြုရလို့ပဲ ဖြစ်ပါတယ်။ screen ပေါ်မှာ အသုံးမလိုတော့ဘူးဆိုရင်လည်း Messenger မှာ chathead အဝိုင်းလေးကို ဖိပြီး အမှားခြစ်ထဲ ဆွဲချသလိုပဲ
ဒီကောင်လေးကိုလည်း ဆွဲချပြီးပိတ်ထားလို့ရပါတယ်။
ကျွန်တော် အောက်မှာ screenshot လေးတွေနဲ့ပြပေးထားပါတယ်။
ကဲ အောက်မှာဒေါင်းပေရော့ဗျာ .....
Pcloud Link>>>
MediaFire Link>>>
0 comments:
Post a Comment